Sometimes silence is a really good answer.

KIA ဖမ်းဆီးထားသော ရွာသား ၁၂ ဦး ပြန်လွှတ်ပေးလိုက်ပြီ

ချင်းမိုင်၊ မဇ္ဈိမ။         ။ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)က ဖမ်းဆီးထားသော ရွာသားများ ၁၂ ဦးကို လွတ်ပေးလိုက်သဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က မြစ်ဆုံအနီး အောင်မြင်သာကျေးရွာ၌ မေလ ၁၈ရက်က သွားရောက်ခေါ်ယူခဲ့သည်ဟု ကချင်ပြည်နယ်အစိုးရ အဖွဲ့ရုံးမှ အစိုးရအဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။
“လွတ်ပေးတာက ၁၂ ဦး လွတ်ပေးလိုက်တယ်။ မနေ့က ကေအိုင်အိုအဖွဲ့ဘက်ကနေ တပ်ကို ပြောလိုက်တယ်ထင်တယ်။ တပ်ကနေပြီး ကျွန်တော်တို့ကို လွဲပေးလိုက်တာ။ ဒီနေ့တော့ ကျွန်တော်တို့ကို မြစ်ဆုံ အောင်မြင်သာမှာ ကျွန်တော်တို့ဆီက မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်အထောက်အကူအဖွဲ့တွေ သွားခေါ်တယ်။ ကျွန်တော်တို့ဘက်က သူတို့ မိဘတွေထံ ပြန်အပ်နှံပေးလိုက်ပြီ”ဟု အစိုးရအဖွဲ့ဝင်တဦးက ပြောသည်။
မေလ ၁၇ရက်က KIA ဘက်မှ ဖမ်းဆီးထားသော ရွာသားများကို အစိုးရကို ပြန်လည် လွဲအပ်ပေးလိုက်ပြီ ဖြစ်သော်လည်း လူဦးရေ မည်မျှ လွတ်ပေးလိုက်သည်ကို မသိရသေးကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးလမိုင်ဂွမ်ဂျာက မဇ္ဈိမကို ပြောသည်။
မြစ်ကြီးနားမြို့မှ မိုင် ၅ဝ ကျော် အကွာအဝေးရှိ တယန်ဇွပ်ကျေးရွာမှ သက်ဆိုင်ရာ ရွာလူကြီးများထံ KIA တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၄ တပ်ဖွဲ့က လွဲအပ်ပေးလိုက်ပြီဟု ဦးလမိုင်ဂွမ်ဂျာက ပြောသည်။
“ကျွန်တော် သိရတလောက် တန်ယန်ဇွပ်က ရွာမှာ ထင်တယ်။ အစိုးရက လွှတ်ပေးဖို့ တောင်းဆိုတဲ့အပေါ် ကေအိုင်အိုက ဖမ်းထားတဲ့ လူတွေကို လွှတ်လိုက်ပြီလို့ သိရတယ်။ ကေအိုင်အိုကနေ  ရွာလူကြီးကို အပ်ပေးလိုက်တယ်။ ရွာလူကြီးကနေ ရပ်မိရပ်ဖတွေကို ပြန်အပ်ပေးလိုက်တယ်”ဟု ဦးလမိုင်ဂွမ်ဂျာက ပြောသည်။
နိုင်ငံပိုင် FM ရေဒီယိုတစ်ခုကလည်း အဆိုပါ ကျေးရွာသားများအား တန်ဖဲကျေးရွာတွင် ဗျူဟာမှူး ဗိုလ်မှူး ခင်မောင်ဝင်းက သွားရောက်ခေါ်ယူခဲ့သည်ဟု မေလ ၁၇ရက်က ကြေငြာခဲ့သည်။
ပြီးခဲ့သည့် မေလ ၃ ရက်က ကချင်ချောင်းသာ အပန်းဖြေစခန်းသို့ သွားရောက် လည်ပတ်ခဲ့သော ကချင်ပြည်နယ် အစိုးရ အဖွဲ့ရုံးမှ စာရေးနှင့် ယာဉ်မောင်းအပါအဝင် မေလ ၇ ရက်က မြစ်ဆုံ အနီး တန်ဖဲကျေးရွာ၌ ဖမ်းဆီးခံရသော လူ ၁၂ ဦး စုစုပေါင်း ၁၄ ဦးကို မေလ ၁၁ ရက်က လွှတ်ပေးခဲ့သည်။ လွတ်ပေးရန် ကျန်ရှိသော ရွာသား ၂ဝ ကျော်ကို ကေအိုင်အေဘက်က မေလ ၁၇ရက်တွင် ပြန်လည် လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/21785-kia

0 စာဖတ်သူတို့စကားများ:

Post a Comment

FLAG COUNTER

Tue,Sep14,2010at2:02PMတွင်Blogကိုစတင်။27.2.2011တွင်FlagCounterကိုစတင်။ Free counters!