Sometimes silence is a really good answer.

ပြည်သူပိုင်သောအာဏာကို တပ်မတော်က အလွဲသုံးစားမလုပ်ဖို့ ဒေါ်စု သတိပေး

ပြည်သူမလိုလားပါက မည်သည့်စာအုပ်ဖြစ်ဖြစ် ဆွဲဆုတ်နိုင်ကြောင်း ကိုမင်းကိုနိုင်ပြော

မန္တလေး၊ မဇ္ဈိမ။         ။ တပ်မတော်သည် ရာထူးနေရာ မမက်လျှင် အခြေခံဥပဒေပြင်ဆင်ရေးအတွက် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်ကြရန် ကိုယ်မပိုင်သည့်အာဏာကို ရယူထားခြင်းမှာ အာဒိန္နာဒါန ကံမြောက်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“ တပ်မတော်ရဲ့ တာဝန်ဟာ ပြည်သူတွေကို အုပ်ချုပ်ဖို့မဟုတ်ပါဘူး၊ ဖေဖေ (ဗိုလ်ချုပ်အောင်ဆန်း)က ပြောခဲ့တယ်။ တပ်မတော်ဟာ အမှန်တရားကို ရင်ဆိုင်သင့်တယ်။ နေရာမက်မောလို့ မဟုတ်ဖူးဆိုရင် အခြေခံဥပဒေကို ပြင်ဆင် ပြီး တိုင်းပြည်အတွက် သတ္တိရှိရှိ ရင်ဆိုင်ဖို့ လိုတယ်လို့ သူတို့ကို စိန်ခေါ်ချင်တယ်။"
“နောက်ထပ်ပြောချင်တာက ကိုယ်မပိုင်တာကိုမယူကြပါနဲ့ ပြည်သူက ဘာလိုချင်တယ်ဆိုတာသိပြီးသားပါ၊ ပြည်သူပိုင်တဲ့အာဏာကို အလွဲသုံး စားလုပ်နေတာဟာ အာဒိန္နာဒါန ကံမြောက်တယ်” ဟု မေ ၁၈ ရက် နံနက်က အောင်ပင်လယ်ကွင်းတွင် ပြုလုပ်ခဲ့သော အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲ တွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် အခြေခံဥပဒေပုဒ်မကို တပ်မတော် ကိုယ်စားလှယ်တစ်ဦးက ပြင်မရဘူးဟု ဆိုပါက မပြင်ကြရတော့ကြောင်း၊ တပ်မတော်ဆိုသည်မှာ နိုင်ငံတော်ကို ကာကွယ်ရန်သာဖြစ်ပြီး သမ္မတ ရွေးချယ်သည့် အဖွဲ့အစည်း မဟုတ်ကြောင်း၊ သို့ဖြစ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ပါဝင်ကြရန်လိုကြောင်း ၎င်းက ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ “အခုလို လူထုအစည်းအဝေးပွဲတွေ လုပ်တော့ ကျွန်မကို စွပ်စွဲကြတယ်။ ပြည်သူ့အားကိုးနဲ့ လုပ်နေတာတဲ့။ ကျွန်မမှာ ငွေလည်းမရှိဘူး၊ လက်နက်လည်း မရှိဘူး၊ အားကိုးရတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံလည်း မရှိဘူးဆိုတော့ ပြည်သူကိုပဲ အားကိုးရမှာပါ။ ကျွန်မ တို့ရဲ့အိပ်မက်က ပုဒ်မ ၄၃၆ ကို ပြင်ဖို့ဖြစ်တဲ့အတွက် အောင်မြင်အောင်ပြည်သူလူထုကြီးက ဝိုင်းဝန်း လုပ်ကြပါ။ ၁၈ နှစ်အောက်လူငယ်တိုင်းလည်း ပုဒ်မ ၄၃၆ ကို ပြင်ဆင်ဖို့ပါဝင်ကြပါ ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။
၂ဝဝ၈ ဖွဲ့စည်းပုံသည် လူလူချင်း အနိုင်ကျင့်ရေးဆွဲထားသည့် စာအုပ်အစိမ်းချည်းပင်ဖြစ်၍ လိုအပ်လျှင် ပြည်သူလူထုက စည်းကမ်းရှိမှုကိုပြပြီး ပြင်ဆင်ခိုင်းမည်ဆိုပါက အလွယ်တကူနှင့် ရရှိမည်ဟု မင်းကိုနိုင်က ပြောသည်။
18m8n17“၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ဖို့ဆိုတာ ပြည်သူဆန္ဒသာ အခရာဖြစ်တယ်။ ပြည်သူလိုလားရင် ဆက်လုပ်၊ ပြည်သူမလိုလားရင် ဘယ်စာအုပ်ဖြစ်ဖြစ် ဆွဲဆုတ်လို့ရပါပြီ။ အချိန်ရှိတုန်း အခြေခံဥပဒေကို ပြင်ဖို့လိုတယ်။ ပုဒ်မ ၄၃၆ဟာ ပင်မတံခါးပဲ။ ဖွဲ့စည်းပုံပြင်ဆင်ခြင်းသည် အလိုအလျောက်ဖြစ်လာမည်မဟုတ်ဘဲ ပြင်ဆင်ဖို့အတွက် ကျွန်တော်တို့ကိုယ်တိုင် အားစိုက်နေရတယ်။ တကယ်ပြည်သူက ဆန္ဒပြင်းပြတယ်ဆိုရင် ရက်ပိုင်းအတွင်း သမ္မတ သုံးဆက်ကိုတောင် ဖြုတ်ချနိုင်ခဲ့တဲ့ နိုင်ငံဟာ မြန်မာနိုင်ငံတစ်နိုင်ငံပဲ ရှိခဲ့တယ်။ ဒါဟာ ဒဏ္ဍာရီမဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်က “ပြည်သူကို အားမကိုးလို့ ဘယ်သူ့ အားကိုးရမှာလဲ။ ပြည်သူလူထုက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ စာရေး တောင်းဆိုတာတွေလည်း လုပ်သင့်တယ်။ ၁၈ နှစ်မပြည့်သေးတဲ့ ကလေးသူငယ်များက  လက်မှတ်ထိုးပြီး ကာကွယ်ရေးဦးစီးချုပ်ဆီ တင်ပြတောင်းဆိုကြပါ။ အနာဂတ်လူငယ်တွေ အတွက်ပါ။ ဒါဟာ ပြည်သူလူထု အင်အားကို ဖော်ထုတ်ပြတာပါပဲ။ ရွေးကောက်ပွဲအောင်မြင်ရေးနဲ့ ဒီမိုကရေစီ ဖြစ်ဖို့အတွက် ဒီဥပဒေကို ပြင်ရမှာပါ။ တန်းတူညီမျှမှုက အရေးကြီးပါတယ်။ ဒီမိုကရေစီဆိုတာ အပေးအယူပါပဲ။ ဒီမိုကရေစီယဉ်ကျေးမှုတစ်ခု တည်ဆောက်နေတာပါ ” ဟု ဖွဲ့စည်း ပုံပြင်ဆင်ရေးအတွက် ရှင်းလင်းပြောကြားခဲ့သည်။
မေလ ၁၈ ရက်က မန္တလေးမြို့၊ အောင်ပင်လယ်ကွင်းတွင် ပြုလုပ်ခဲ့သော ဖွဲ့စည်းအုပ်ချုပ်ပုံပြင်ဆင်ရေး ဟောပြောပွဲသို့ ပြည်သူပေါင်း တစ်သိန်းကျော် တက်ရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် မင်းကိုနိုင် ပြောကြားသော စကားရပ်များ၊ တောင်းခံမှု များကို  တခဲနက်အားပေးထောက်ခံမှုများ ပြုလုပ်ခဲ့သည်။

http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/21781-2014-05-18-12-23-16

0 စာဖတ်သူတို့စကားများ:

Post a Comment

FLAG COUNTER

Tue,Sep14,2010at2:02PMတွင်Blogကိုစတင်။27.2.2011တွင်FlagCounterကိုစတင်။ Free counters!