Sometimes silence is a really good answer.

နှင်းဆီကုန်းဘိုးဘွားရိပ်သာသို့ နေထိုင်ခွင့် လျှောက်ထားသူ ဘိုးဘွားဦးရေ တစ်နှစ်လျှင်ဦးရေ ၃ဝခန့်သာရှိ

ရန်ကုန်၊ မဇ္ဈိမ။          ။ နှင်းဆီးကုန်း ဘိုးဘွားရိပ်သာသို့ နေထိုင်ခွင့်လျှောက်ထားသူ ဘိုးဘွားဦရေမှာ တစ်နှစ်လျှင် ဦးရေ ၃ဝ ခန့် သာရှိသည်ဟု နှင်းဆီကုန်း ဘိုးဘွားရိပ်သာ၏ အမှုဆောင်အဖွဲ့ဝင် ဦးကြိုင်မြင့်က ပြောသည်။
လက်ရှိအချိန်တွင် နှင်းဆီးကုန်းဘိုးဘွားရိပ်သာတွင် အဘိုး ၆၂ ဦး အဘွား ၁၃ဝဦး  စုစုပေါင်း ၁၉၂ ဦးနေထိုင်နေသည်။ ရိပ်သာတွင် နေထိုင်ခွင့် လျှောက်ထားသူ ဦးရေ ၃ဝခန့်တွင် အဘိုးဦးရေမှာ ဆယ်ယောက်ပင်မပြည့်ဟု ယင်းက ဆက်လက်ပြောကြားသည်။
“နေထိုင်ခွင့်လျှောက်တဲ့အထဲမှာ အဘိုးဦးရေ နည်းနေရတာက မြန်မာနိုင်ငံမှာ အမျိုးသားဦးရေ နည်းတာလည်းပါပါတယ်။ လျှောက်ထားတဲ့ အဘိုးအဘွားတွေရဲ့ အချက်အလက်တွေကို စီစစ်ပြီး သတ်မှတ်ထားတဲ့ အချက်အလက်တွေနဲ့ကိုက်ညီရင် လက်ခံပါတယ်” ဟု ဦးကြိုင်မြင့်က ဆက်လက်ပြောကြားသည်။
နှင်းဆီကုန်းဘိုးဘွားရိပ်သာတွင် စောင့်ရှောက်နိုင်သော ဘိုးဘွားဦးရေမှာ အဘိုး ၁ဝဝ ဦးနှင့် အဘွား ၁၄ဝ ဦး အထိသာဖြစ်သည်။ ထိုဘိုးဘွားများကို စောင့်ရှောက်ရန် ဝန်ထမ်းဦးရေ စုစုပေါင်း ၁ဝဝကျော် ရှိသည်ဟု ရိပ်သာမှ သိရသည်။
နှင်းဆီကုန်းဘိုးဘွားရိပ်သာတွင် နေထိုင်လိုသည့် ဘိုးဘွားများအနေဖြင့် ရိပ်သာတွင် ပုံစံဖြည့် ရမည်ဖြစ်ပြီး ရပ်ကွက်ထောက်ခံစာ၊ မြို့နယ်ထောက်ခံစာ လိုအပ်မည်ဖြစ်သည်။ ဘိုးဘွားများသည် အသက် ၇ဝ မှ ၇၅နှစ်အတွင်း ရှိရမည်ဖြစ်ကာ ကူးစက်ရောဂါ ကင်းရှင်းပြီး ခိုးကိုးရာမဲ့ (သို့မပာုတ်) သားသမီး ရှိသော်လည်း ထောက်ပံနိုင်ခြင်း မရှိသည်သူများကိုသာ လက်ခံပေးနေသည်။
ကူးစက်ရောဂါ ကင်းရှင်းမှုအတွက် ရိပ်သာရှိ ကျန်းမာရေး စစ်ဆေးသည့် အဖွဲ့၏ ကျန်းမားရေး စစ်ဆေးချက် လိုအပ်မည်ဖြစ်သည်။ နှင်းဆီကုန်း ဘိုးဘွားရိပ်သာတွင် သက်ကြီးစောင့်ရှောက်ရေးအတွက် ခြောက်လသင်တန်းများ ဖွင့်လှစ်ပေးနေပြီး သင်တန်းပြီးဆုံးအောင်မြင်ပါက နှင်းဆီကုန်း ဘိုးဘွားရိပ်သာတွင် ဝင်ရောက်လုပ်ကိုင်လိုပါကလည်း အလုပ်ခန့်အပ်ပေးမည်ဟု ဦးကြိုင်မြင့်က ပြောသည်။
နှင်းဆီကုန်းဘိုးဘွားရိပ်သာကို တည်ထောင်ခဲ့သည်မှာ ၈၁နှစ်ခန့်ရှိပြီဖြစ်သည်။

Written by  ယုဝေ

http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/21782-2014-05-18-12-30-04 

0 စာဖတ်သူတို့စကားများ:

Post a Comment

FLAG COUNTER

Tue,Sep14,2010at2:02PMတွင်Blogကိုစတင်။27.2.2011တွင်FlagCounterကိုစတင်။ Free counters!